၁။ဘယ်သူတွေရေးထားတာလဲ❓ ဘယ်နှစ်ခုနှစ်က စတင်ခဲ့တာပါလဲ။❓
- နိုင်ငံတကာရှိ အရေးပေါ်အချက်ပေးစနစ် အက်ပလီကေးရှင်းများကို လေ့လာ၍ မြန်မာနိုင်ငံသား များအတွက် အသုံးတည့် အကျိုးရှိစေမည့်ပုံစံထုတ်၍ မြန်မာလူငယ် Programer များဖြင့် ကျွန်တော်တို့ ကောင်းမြတ်သူကုမ္ပဏီမှ ရေးသားထားခြင်းဖြစ်ပါသည်။
- ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်စမ်းသပ်အသုံးပြုခဲ့တာဖြစ်ပြီး ဩဂုတ်လတွင် လူမှုရေးအသင်းအဖွဲ့ များသို့ အသုံးပြုနိုင်ရန် သွားရောက်လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့ပါသည်။
၂။ဘယ်လိုအက်ပလီကေးရှင်းမျိုးလဲ❓
- အင်တာနက်ရသည့် မည်သည့်နေရာမှမဆို ဖုန်းတစ်လုံးရှိယုံဖြင့် လွယ်ကူလျှင်မြန်စွာ Alert နှင့် Message ပေးပို့/လက်ခံနိုင်သည့် အက်ပလီကေးရှင်းဖြစ်ပါသည်။
- EAS သည် အစိုးရ/လူမှုရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးထားသည့် အက်ပလီကေးရှင်း မဟုတ်ပဲ ကိုယ်တိုင်စိတ်တိုင်းကျ မိမိချိတ်ဆက်လိုသူများနှင့် အပြန်အလှန်ချိတ်ဆက်အချက်ပေး နိုင်သည့်စနစ် ဖြစ်ပါသည် ။
- အဖွဲ့အစည်းအလိုက် မိမိအစီအစဉ်ဖြင့် ချိတ်ဆက်အသုံးပြုမည်ဆိုပါကလည်း အသုံးပြုနိုင်သည့် စနစ်ဖြစ်ပါသည်။ ချိတ်ဆက်အသုံးပြုမှု အရေအတွက် ကန့်သတ်ထားခြင်း မရှိပါ။
- မိမိကိုယ်တိုင်ချိတ်ဆက်ထားသူများထံသို့သာ Alert / Message ရောက်ရှိစေမည်ဖြစ်ပြီး မည်သည့် အဖွဲ့အစည်း အသင်းအဖွဲ့များထံသို့မှ မရောက်ရှိပါ။ ထို့ကြောင့် ကူညီကယ်ဆယ်ရေး အတွက်လိုအပ်ပါက အချက်ပေးစနစ်လက်ခံရရှိသူမှ နီးစပ်ရာအဖွဲ့အစည်းများသို့ ဆက်လက် အကြောင်းကြားခြင်း လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်ပါသည်။
- Alert / Message ပေးပို့ခြင်း၊ လက်ခံခြင်းကို မိမိကိုယ်တိုင် စိတ်တိုင်းကျ Control လုပ်နိုင်သည် စနစ်များပါရှိပါသည်။
၃။ဘာရည်ရွယ်ချက်နှင့်ရေးထားတာလဲ❓
အန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့ရချိန်တွင် မိမိနှင့်မကွာအမြဲပါသည့် ဖုန်းကိုအသုံးပြု၍ မိမိနှင့် ချိတ်ဆက်ထားသူများထံ လွယ်ကူလျှင်မြန်စွာ အချက်ပေးအကြောင်းကြားနိုင်ခြင်းဖြင့် အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်မှုများ ရရှိနိုင်စေရန် နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့ချနိုင်စေရန် ရည်ရွယ်၍ လူမှုဘ၀လုံခြုံရေးအတွက် ရေးသားထားခြင်းဖြစ်ပါသည်။
၄။ဘာတွေလုပ်လို့ရလဲ / ဘယ်လို Feature တွေပါလဲ❓
အပြန်အလှန် ချိတ်ဆက်ထားသည့် ဖုန်းအချင်းချင်း အရေးပေါ်အချက်ပေးစနစ် Alert ပေးပို့ခြင်း နှင့် Message စာတိုပေးပို့ခြင်း စနစ်နှစ်ခု လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
၅။ သီးခြား Device ဖြင့်အသုံးပြု၍ ရနိုင်ပါသလား။❓
ဘဏ် ၊ ရွှေဆိုင်ကဲ့သို့သော နေရာများတွင် ခလုပ်နှိပ်ခြင်းဖြင့် အချက်ပေးသည့်စနစ် တပ်ဆင်လိုပါက အထူးပြုထားသည့် ခလုပ် နှင့်အတူ ကြားခံထပ်ဆင့်လွှင့်စနစ် ၊ CCTV တို့ကိုချိတ်ဆက်၍ အင်တာနက်နှင့် Power ပေးပြီး တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
၆။ ဖုန်းဖြင့်အသုံးပြုနိုင်ဖို့ မည်သို့လုပ်ဆောင်ရမည်နည်း။❓
ဖုန်းအတွင်းသို့ Application ကို Download ရယူပြီး Register ပြုလုပ်၍ မိမိကဲ့သို့ Register ပြုလုပ်ထားသူအချင်းချင်း အပြန်အလှန်ချိတ်ဆက်၍ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
၇။ အချင်းချင်းဘယ်လိုချိတ်ဆက်ရမလဲ။❓
Home Screen ရှိ Add Contact ကို နှိပ်၍ မိမိချိတ်ဆက်လိုသူ Register လုပ်ထားသည့် ဖုန်းနံပါတ်ကိုထည့်ပြီး ရှာ၍ အမည်မှန်လျှင် Add ကို နှိပ်ခြင်းဖြင့် လွယ်ကူစွာ ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။
( မိမိနှင့်ချိတ်ဆက်လိုသူမှလည်း အထက်ဖေါ်ပြပါအတိုင်း မိမိ၏ဖုန်းနံပါတ်ထည့်၍ ချိတ်ဆက် ရပါမည်။) ထိုသို့အပြန်အလှန် ချိတ်ဆက်ပြီးမှသာ အချက်ပေးခြင်း လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ အရေအတွက် အကန့်အသတ်မရှိ ချိတ်ဆက်ထားနိုင်ပါသည်။
၈။အရေးပေါ်အချက်ပေးစနစ်လုပ်ဆောင်ပုံကဘယ်လိုလဲ❓
- ဖုန်း၏ Screen ပေါ်ရှိ EAS Icon ကိုလက်နှိပ်၍ ဖုန်းကိုလှုပ်ယုံဖြင့် အချက်ပေးစနစ်စတင် အလုပ်လုပ်ဆောင်မည်ဖြစ်ပါသည်။ ထိုအချိန်တွင် လှုပ်သည့်ဖုန်း၏ Video သည်အလိုလျှေက် ပွင့်၍ လက်ခံမည့်ဘက်သို့ တိုက်ရိုက်ပေးပို့မည်ဖြစ်ပါသည်။
- မိမိနှင့်ချိတ်ဆက်ထားသူများ၏ ဖုန်းများတွင် အချက်ပေးသံမြည်ခြင်းနှင့်အတူ ပေးပို့သူ၏ အမည်၊ ဖုန်းနံပါတ် ၊ ပေးပို့ချိန် တို့အပြင် တည်နေရာ နှင့် video တိုက်ရိုက်လွှင့်မှုကို ကြည့်ရှု နိုင်မည့် Button များပါရှိစေမည်ဖြစ်ပါသည်။ (ဖုန်းနံပါတ်ပေါ်နှိပ်လျှင် တိုက်ရိုက်ဖုန်း ခေါ် ဆိုနိုင်မည်ဖြစ်ပြီး Map Icon ကိုနှိပ်လျှင် ပေးပို့လိုက်သည့် တည်နေရာကို သိရှိနိုင်မည် ဖြစ်၍ မသွားတတ်ပါက Show Direction ကိုနှိပ်ခြင်းဖြင့် လမ်းကြောင်းသိနိုင်မည်ဖြစ်ပါသည်။)
၉။ စာတိုပေးပို့သည့် စနစ်လုပ်ဆောင်ပုံကဘယ်လိုပါလဲ။❓
- Message ပေးပို့နိုင်ရန် Group အရင်ဖွဲ့ဖို့လိုအပ်မည်ဖြစ်ပါသည်။ စဖွဲ့သူသည် Group အမည် နှင့် လိုဂို သတ်မှတ်ခြင်း ၊ အဖွဲ့ဝင်များရွေးချယ်ထည့်သွင်းခြင်းလုပ်ဆောင်ရပါမည်။ ထိုသူသည် Group ၏ Admin ဖြစ်မည်ဖြစ်၍ Group ကိုပယ်ဖျက်ခြင်း ၊ မလိုအပ်သည့်လူထုတ်ခြင်း စသည့် စီမံခန့်ခွဲခွင့်များ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
- Group အတွင်းစာများ အပြန်အလှန်ပေးပို့နိုင်မည်ဖြစ်၍ ပေးပို့လိုက်သည့်စာတိုင်း၏ အောက်တွင် View Location စာသားပါရှိမည်ဖြစ်ပါသည်။ ထိုစာသားအားနှိပ်ကြည့်လျှင် စာပေးပို့လိုက်သည့် တည်နေရာကို သိရှိနိုင်မည်ဖြစ်၍ ထိုနေရာသို့ မသွားတတ်ပါက Show Direction ကိုနှိပ်ခြင်းဖြင့် လမ်းကြောင်းသိနိုင်မည်ဖြစ်ပါသည်။
၁၀။ဘယ်သူတွေအသုံးပြုသင့်လဲ❓
- ဘဏ် နှင့် ရွှေဆိုင်များ - အန္တရာယ်ကျရောက်ချိန်တွင် ချိတ်ဆက်ထားသည့် ကူညီ/ကယ်ဆယ်/ ကာကွယ် ပေးမည့်သူများ အချိန်မှီရောက်ရှိခြင်းဖြင့် ဆုံးရှုံးမှုလျော့ချနိုင်စေမည်ဖြစ်ပါသည်။
- လုံခြုံရေးကုမ္ပဏီများအနေဖြင့် - Emergency Respont Team ထားရှိ၍ ဝန်ဆောင်မှုရယူလို သူများအား EAS ဖြင့်ချိတ်ဆက်ပြီး အန္တရာယ်ကြုံတွေ့ရချိန်တွင် လုံခြုံရေးအဖွဲ့ အမြန်စေလွှတ် ပေးမည့် လုံခြုံရေးဝန်ဆောင်မှုပုံစံအသစ် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
- လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင် - ဝန်ထမ်းများ၏ Work place Security တွက် ၎င်းတို့၏ ဖုန်းများတွင် တပ်ဆင်ပေး၍ Group လိုက်/ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပေးထားခြင်းဖြင့် လုပ်ငန်းတိုးတက်မှုကို အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
- လူမှုကူညီရေးအသင်းအဖွဲ့များ - ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေကြသည့် အဖွဲ့ဝင်များ အချင်းချင်း တည်နေရာနှင့်တကွ အချက်ပေးအကြောင်းကြားနိုင်ခြင်းကြောင့် ကူညီ ကယ်ဆယ် ရေး လုပ်ငန်းများကို အန္တရာယ်ကင်း၍ ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်စေမည် ဖြစ်ပါသည်။
- မိသားစုတွေအနေနဲ့ဆိုရင် - အိမ်တွင် ကျန်ရှိနေမည့် သက်ကြီးရွယ်အိုများ ၊ ကျောင်းအသွားကျောင်းအပြန် ရှိသည့် ကလေးငယ်များ ၊ အလုပ်သွား/ပြန် မိသားစုဝင်များ အချင်းချင်းချိတ်ဆက်ထားခြင်းဖြင့် တစ်ဦးဦး အန္တရာယ်ကြုံလျှင် ကျန်မိသားစုအားလုံးထံ တစ်ချိန်တည်း တစ်ပြိုင်တည်း အချက်ပေးနိုင်ခြင်းကြောင့် ကူညီကယ်ဆယ်မှုကို အချိန်မှီ ပေးအပ်နိုင်မည် ဖြစ်ပါသည်။
- ပြည်ပတွင် အလုပ်လုပ်သူများ ၊ ပညာသင်ကြသူများဆိုရင် - ရေခြားမြေခြားတွင် သွားရောက် နေထိုင်လုပ်ကိုင်/ပညာသင်ယူကြသူများအနေဖြင့် အန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့ရချိန်တွင် မိမိအနီးဝန်းကျင်ရှိ မိတ်ဆွေလုပ်ဖေါ်ကိုင်ဖက်များနှင့်ချိတ်ဆက်ထားခြင်းဖြင့် အပြန်အလှန် ကူညီမှုအမြန်ရရှိစေ၍ ၊ ဇာတိမြို့ရွာတွင်ကျန်ရှိသည့် မိသားစုနှင့်ချိတ်ဆက် ထားခြင်းဖြင့် မိသားစုဝင်တစ်ဦးကြုံတွေ့ နေရသည့် အခြေအနေကို အခြားမိသားစုဝင်များမှ ချက်ချင်းသိနိုင် မည်ဖြစ်ပါသည်။
၁၁။ဘာအကျိုးကျေးဇူးတွေရှိမလဲ❓
အန္တရာယ်ကြုံတွေ့ရချိန်တွင် မိမိအားကူညီကယ်ဆယ်မည့်သူထံ လွယ်ကူလျှင်မြန်စွာ တည်နေရာနှင့် ဖြစ်စဉ်အား အချက်ပေးနိုင်မည်ကို သိရှိထားခြင်းဖြင့် စိတ်လုံခြုံမှုရရှိခြင်းနှင့်အတူ အချိန်မှီကူညီ ကယ်ဆယ်မှုရရှိနိုင်ခြင်းကြောင့် ဆုံးရှုံးနင့်နာမှုများကို လျော့ချနိုင်မည်ဖြစ်ပါသည်။
၁၂။ဘယ်သူတွေအသုံးပြုနေပြီလဲ❓
EAS သည် လူမှုဘ၀လုံခြုံရေးကို အထောက်အကူပြုစေကြောင်း သိရှိကြသည့် လူမှုရေးအသင်းအဖွဲ့ များ နှင့် လူပုဂ္ဂိုလ်မိသားစုဝင်များ အသုံးပြုလျှက်ရှိပြီး အသုံးပြုသူ ၁၅၀၀ ကျော်ရှိပြီဖြစ်ပါသည်။
၁၃။ဘယ်နေရာတွေကိုအသုံးပြုနိုင်ဖို့လှူဒါန်းထားဖူးလဲ❓
မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၊ ဆန်ရေ လူမှုကူညီရေးအသင်း ၊ မြန်မာနိုင်ငံလူမှုကူညီရေးအသင်း များသို့လှူဒါန်းထားပါသည်။
၁၄။ဘယ်လိုနေရာတွေ မှာသုံးလို့ရလဲ❓Region ကန့်သတ်ချက်ရှိလား❓
- ကမ္ဘာအနှံ အင်တာနက်ရှိသည့် မည်သည့်နေရာတွင်မဆို Alert နှင့် Message ပေးပို့ခြင်း/လက်ခံ ခြင်း အသုံးပြုနိုင်ပါသည်။
- အချက်ပေးစနစ် ပေးပို့မည့်သူသည် အင်တာနက်ရှိနေစေရန် လိုအပ်မည်ဖြစ်သော်လည်း လက်ခံမည့်သူ၏ဖုန်းသည် အင်တာနက် မမိပါက မိသည့်အချိန်တွင် Alert အသံနှင့်အတူ အချက်အလက်များ လက်ခံရရှိစေမည် ဖြစ်ပါသည်။
၁၅။ဘာကန့်သတ်ချက်/ထူးခြားချက်တွေရှိသေးလဲ❓
- အသုံးပြုသူ တစ်ဦးစီတိုင်း၏ Personal Privacy ကိုမထိခိုက်စေရန် ပြန်အလှန်ချိတ်ခြင်းပြီးမှသာ Alert ပေးပို့ခြင်း ၊ လက်ခံခြင်း လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ ပေးပို့ခြင်း နှင့် လက်ခံခြင်း ကို တစ်ဦးချင်းစီအတွက် ပိတ်ထားနိုင်ခြင်း နှင့် ချိတ်ဆက်မှုပယ်ဖျက်ခြင်းအား ကိုယ်တိုင် စိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရရှိစေပါသည်။
- အသုံးပြုသူ Register ပြုလုပ်ထားသည့် အချက်အလက်မှ လွဲ၍ မည်သည့်အချက်အလက်ကိုမှ Server တွင်သိမ်းဆီးထားခြင်း မရှိပါကြောင်း နှင့် အသုံးပြုသူတိုင်းသည် ထိုအချက်အား သိရှိလက်ခံ ပြီးမှသာ အသုံးပြုရန် T&C တွင် အဆိုပြုထားပါသည်။
- ဖုန်း၏ Location ကိုပိတ်ထားလျှင် Alert နှင့် Message ပေးပို့ရာတွင် Location တစ်ဖက်သို့ မပါရှိစေရန် ကန့်သတ်ထားနိုင်ပါသည်။
၁၆။ App သည် Free Version လား License Version လား❓
License Version ဖြစ်သော်လည်း ယခုအချိန် ငလျင်ဒဏ်ခံရသည့် ပြည်သူများနှင့် လူမှုရေးအဖွဲ့များ အခမဲ့ (၃) လအသုံးပြုနိုင်ရန် စီစဉ်ပေးထားပါသည်။ ထိုသို့ နိုင်ငံသားများ အန္တရာယ်ကြုံတွေ့နေရချိန် တွင် ကုန်ကျစရိတ်မရှိ အခမဲ့ အသုံးပြုနိုင်ရန် မိမိတို့ Kaung Myat Thu Company ၏ တတ်စွမ်းသည့်ဘက်မှ ကူညီပေးခြင်းအား AGB COMMUNICATION မှ နည်းပညာပိုင်း ဝိုင်းဝန်း ပံ့ပိုး ပေးထားပါသည်။
၁၇။ License သက်တမ်းဘယ်လောက်အထိရှိလဲ၊ဘယ်လိုသက်တမ်းတိုးလို့ရနိုင်ပါလဲ❓
License သက်တမ်းတိုးခြင်းကို တစ်လ ၊ ခြောက်လ ၊ တစ်နှစ် စိတ်ကြိုက်ရွေးချယ်၍ KBZPay ဖြင့် ကျသင့်ငွေပေးချေအသုံးပြုနိုင်မည် ဖြစ်ပြီး License Fee များကိုလည်း တစ်လ ၄၅၀၀ ကျပ်နှုန်း သတ်မှတ်ထား၍ ခြောက်လဝယ်လျှင် တစ်လစာအခမဲ့၊ တစ်နှစ်ဝယ်လျှင် နှစ်လအခမဲ့ ခံစားခွင့် ပေးထားပါသည်။
၁၈။ဒီ app ကိုသုံးရင်စောင့်ကြည့်နေတဲ့သူမိမိ phone ကိုခြေရာခံနိုင်တဲ့စနစ်တွေအဖွဲ့အစည်း တွေရှိပါသလား၊အာမခံချက်ရှိပါသလား။❓
- အသုံးပြုသူများကို မည်သူမျှ စောင့်ကြည့်ခြင်းလုပ်ဆောင်၍မရပါ။ (အချင်းချင်း/ အခြားသူ တစ်ဦးမှ)
- EAS တွင် GPS ကဲ့သို့ ခြေရာခံပေးသည့်စနစ်မပါရှိပါ။ အရေးပေါ်အချက်ပေးသည့် အချိန် တွင်သာ ထိုသူ၏တည်နေရာကို ချိတ်ဆက်များသူများထံသို့ တစ်ကြိမ်သာ ပေးပို့မည့်စနစ် ဖြစ်ပါသည်။ ( Phone ၏ Location ပိတ်ထားလျှင် ပေးပို့သူတည်နေရာ မပါရှိနိုင်ပါ။ )
- EAS ကိုထုတ်လုပ်ထားသည့် KMT Company သည် မည်သည့်အဖွဲ့အစည်းအောက်တွင်မှ မရှိသော Private Company ဖြစ်ခြင်းကြောင့် EAS သည် အဖွဲ့အစည်းတစ်ခု၏ ထိမ်းချုပ်မှု အောက်တွင် လုံး၀ မရှိပါ။ ယုံကြည်စွာအသုံးပြုနိုင်ပါသည်။
- အသုံးပြုသူများ၏ Private Privacy ကို ဦးစားပေးရေးသားထားသည့် Application ဖြစ်ခြင်း ကြောင့် Register ပြုလုပ်စဉ် ဖြည့်စွက်ထားသည့် အချက်အလက်များကိုသာ Login ဝင်ချိန်တွင် အသုံးပြုနိုင်ရန် Server တွင်သိမ်းဆည်းထားပါသည်။
- အချက်ပေးချိန်တွင် တစ်ဖက်သို့ပေးပို့သည့် တည်နေရာ အပါအဝင် အချက်အလက်များကို System Delay မဖြစ်စေရန် Server တွင်သိမ်းဆည်းထားခြင်း မရှိပါကြောင်း နှင့် မည်သူတစ်ဦးတစ်ယောက်မှ အချက်ပေးစနစ်၏အချက်အလက်များကို ပြန်လည်တောင်းခံ နိုင်မည် မဟုတ်ပါကြောင်း သိရှိလက်ခံပြီးမှသာ EAS ကိုအသုံးပြုကြပါရန် T&C တွင် အာမခံအတည်ပြု ဖေါ်ပြထားပါသည်။
၁၉။တကယ်ဘဲ phone ကို shake လုပ်တာနဲ့ဒီ app ကအလုပ်လုပ်မှာလား။❓
အရေးပေါ်အခြေအနေတွင် အချိန်မရနိုင်ခြင်းကြောင့် ဖုန်း Screen ပေါ်ရှိ EAS icon ကိုနှိပ်၍ ဖုန်းလှုပ်ယုံဖြင့် တည်နေရာပါရှိသည့် အချက်ပေးခြင်း လုပ်ဆောင်စေရန် အဓိကဦးစားပေး ရေးဆွဲထားသည့် Application ဖြစ်ပါသည်။
၂၀။ Emergency Alert System ဆိုတော့အရေးပေါ်အခြေအနေမှာဘယ်လောက်ထိမြန်မြန်ဆန်ဆန်အချက်ပေးနိုင်လဲ❓
ဖုန်း Screen ပေါ်ရှိ EAS icon ကိုနှိပ်၍ ဖုန်းလှုပ်ယုံဖြင့် စက္ကန့်ပိုင်းအတွင်း တည်နေရာပါရှိသည့် အချက်ပေးမှုကို ချိတ်ဆက်ထားသူများထံ ရောက်ရှိစေမည်ဖြစ်ပါသည်။
၂၁။အရေးပေါ်အခြေအနေမှာအများကြီးကိုတပြိုင်နက်ထဲ alert ပေးလို့ရလား၊ alert ပေးတာသက်သက်ပဲရတာလား၊လက်ခံလို့ရောရလား❓
- EAS အသုံးပြုသူတစ်ဦးသည် အရေအတွက်အကန့်အသတ်မရှိချိတ်နိုင်၍ မိမိချိတ်ဆက်ထား သည့် EAS အသုံးပြုသူများထံ တစ်ချိန်တည်းတပြိုင်တည်း အချက်ပေးခြင်း (သို့မဟုတ်) ၎င်းတို့ပေးပို့မှုကို လက်ခံခြင်း လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
- EAS တွင် မိမိနှင့်ချိတ်ဆက်ထားသူများထံ တည်နေရာပါရှိမည့် အရေးပေါ်အချက်ပေးခြင်း စနစ်အပြင် တည်နေရာပါရှိမည့် Message ပေးပို့ခြင်းကို Group ဖွဲ့၍ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
၂၂။ Phone application ဖြစ်တဲ့အတွက် Android, iOS ဘယ်ပေါ်မှာမဆိုသုံးလို့ရလား❓ အသုံးပြုရတာရောရိုးရှင်းလွယ်ကူလား❓ဝယ်သုံးမယ်ဆိုရင်ရောလွယ်လွယ်ဝယ်လို့ရလား❓
- Android , iOS နှစ်မျိုးလုံးတွင် ထည့်သွင်း၍ အပြန်အလှန်ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ် ပါသည်။
- အန္တရာယ်ကြုံရချိန်တွင် ဖုန်း Screen ပေါ်ရှိ EAS icon ကိုနှိပ်၍ ဖုန်းလှုပ်ယုံဖြင့် တည်နေရာ ပါရှိသည့် အချက်ပေးစနစ် ပေးပို့မည်ဖြစ်ခြင်းကြောင့် အသုံးပြုရ ရိုးရှင်းလွယ်ကူပါသည်။
- Play Store နှင့် Apple Store တို့မှ Download ရယူ၍ Register ပြုလုပ်ပြီး လွယ်ကူစွာချိတ်ဆက် အသုံးပြုနိုင်သည့်အပြင် Online Payment စနစ်ဖြင့် License သက်တမ်း တိုးခြင်းကို လွယ်ကူစွာဝယ်ယူနိုင်ပါသည်။
၂၃။ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ရောချိတ်ဆက်အသုံးပြုလို့ရလား❓
- ကူညီကယ်ဆယ်ရေးအဖွဲ့များမှ လက်ခံလျှင် ချိတ်ဆက်အသုံးပြု၍ ရပါသည်။
- EAS အသုံးပြုသူအချင်းချင်း တစ်ဖက်လူမှလက်ခံလျှင် အပြန်အလှန်ချိတ်ဆက်၍ အရေးပေါ် အချက်ပေးခြင်းနှင့် Message ပေးပို့ခြင်းတို့ကို လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
၂၄။ မြန်မာနိုင်ငံတွင်းပဲသုံးလို့ရတာလား၊ဘယ်နေရာကမဆို alert ပေးလို့ရလား၊လက်ခံလို့ရလား❓
- အင်တာနက်ရှိသည့် ကမ္ဘာ့မည်သည့်နေရာမှမဆို Alert နှင့် Message ပေးပို့ခြင်း လက်ခံခြင်း လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
- Alert နှင့် Message ပေးပို့မည့်သူသည့် အင်တာနက်ချိတ်ဆက်နေရန် မဖြစ်မနေလိုအပ်၍ လက်ခံမည့်သူသည် အင်တာနက်မမိပါက မိသည့်အချိန်တွင် ပေးပို့ထားသည့် Alert နှင့် Message ကိုလက်ခံရရှိစေမည်ဖြစ်ပါသည်။
၂၅။အသုံးပြုသူရဲ့အချက်အလက် Data လုံခြုံမှုရောရှိလား❓
- EAS သည် အသုံးပြုသူများ၏ Private Privacy ကို ဦးစားပေးရေးသားထားသည့် Application ဖြစ်ခြင်းကြောင့် Register ပြုလုပ်စဉ် ဖြည့်စွက်ထားသည့် အချက်အလက်များကိုသာ Login ဝင်ချိန်တွင် အသုံးပြုနိုင်ရန် Server တွင်သိမ်းဆည်းထားမည်ဖြစ်ပါသည်။ ထို Data များကို မသက်ဆိုင်သူထံ လုံး၀(လုံး၀) မရောက်ရှိစေရန် နည်းပညာမြင့် လုံခြုံရေးစနစ်များ အသုံးပြု ထားပါသည်။
- Alert ပေးပို့ချိန်တွင် တစ်ဖက်သို့ပေးပို့သည့် တည်နေရာ အပါအဝင် အချက်အလက်များ ကို Server တွင်သိမ်းဆည်းထားမည်မဟုတ်ခြင်းကြောင့် မည်သူတစ်ဦးတစ်ယောက်မှ အချက်ပေး စနစ်၏ အချက်အလက်များကို ပြန်လည်တောင်းခံနိုင်မည် မဟုတ်ပါကြောင်း သိရှိလက်ခံပြီးမှ သာ EAS ကိုအသုံးပြုကြပါရန် T&C တွင် အာမခံအတည်ပြု ဖေါ်ပြထားပါသည်။
၂၆။ Alert ပေးတာအပြင်တခြားဘာတွေသုံးလို့ရလဲ❓
အပြန်အလှန် ချိတ်ဆက်ထားသည့် ဖုန်းအချင်းချင်း Alert ပေးပို့ခြင်းအပြင် Group ဖွဲ့၍ Message ပေးပို့ခြင်းကို လုပ်ဆောင်နိုင်ပါသည်။
၂၇။ Message စနစ်သည် Viber , Messanger တို့နှင့်ဘာကွာခြားချက်ရှိပါသလဲ။❓
EAS Message နှင့် Viber ခြားနားချက် (၆)ချက်ရှိပါသည်။
- အပြန်အလှန် ချိတ်မထားလျှင် အကောင့်သိယုံဖြင့် စာပို့၍ မရပါ။
- ပို့လိုက်သည့်စာကို ပြင်ခြင်း ၊ ဖျက်ခြင်း ၊ ကူးယူခြင်း လုပ်ဆောင်မရပါ။
- စာတစ်မျိုးတည်းသာ ပို့၍ရပါသည်။
- စာနှင့်အတူ ပေးပို့သူ၏တည်နေရာ ပါရှိစေမည်ဖြစ်ပါသည်။ ( Location ဖွင့်ထားလျှင် )
- (၇) ရက်ကျော်သည့်စာများ အလိုလျှောက် ပျက်မည့် ဖြစ်ပါသည်။ ( Record လိုချင်လျှင် Screenshot ရယူထားနိုင်ပါသည်။ )
- Message Group ထဲသို့ နောက်မှထည့်သွင်းခံရသူသည် ယခင်ပို့ထားသည့် စာများကို ဖတ်ခွင့်ရမည် ဖြစ်ပါသည်။
၂၈။ Personal use ပဲသုံးလို့ရတာလား၊အဖွဲ့အစည်းတွေ company တွေအနေနဲ့ရောသုံးလို့ရလား❓
မိသားစုအတွင်း အသုံးပြုနိုင်သည့်အပြင် အဖွဲ့အစည်းများအတွင်း နှင့် ရုံးလုပ်ငန်းခွင်အတွင်း Work Place Security အတွက် အသုံးပြုခြင်းဖြင့် လုပ်ငန်းတိုးတက်မှုကို အထောက်အကူပြုစေမည် ဖြစ်ပါသည်။
၂၉။ Account ဖွင့်ထားတဲ့ phone number ကပြောင်းသွားရင်ရောအသစ်ပြန်ဝယ်ရလား၊ Phone number ပြောင်းသွားရင်ရောသုံးလို့ရလား❓
- ဖုန်းနံပါတ်အသစ်အပြီးပြောင်းလဲအသုံးပြုမည်ဆိုပါက အကောင့်အသစ်ဖွင့်ရန် လိုအပ်မည် ဖြစ်ပါသည်။
- ပြည်ပ/နယ်ဝေး ယာယီခရီးသွားခြင်းကြောင့် ဖုန်းနံပါတ်ပြောင်းလဲမှုရှိလျှင် Contact Phone နေရာတွင် အသစ်နံပါတ်ပြောင်းလဲပေးခြင်းဖြင့် Alert ပေးချိန်တွင် တစ်ဖက်မှနှိပ်၍ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။
- ဖုန်းပြောင်းလဲအသုံးပြုလျှင် အကောင့်ဖွင့်စဉ်ဖုန်းနံပါတ် ၊ Password ဖြင့် Login ဝင်၍ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
၃၀။လက်ရှိတကယ်အသုံးချနေတဲ့အသင်းအဖွဲ့တွေရောရှိလား❓
မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၊ ဆန်ရေ လူမှုကူညီရေးအသင်း ၊ မြန်မာနိုင်ငံလူမှုကူညီရေးအသင်း နှင့် Personal အသုံးပြုလျှက်ရှိသူ ၁၅၀၀ ကျော်ရှိပြီဖြစ်ပါတယ်။