" ရည်မှန်းချက် "
Posted on : 2023, Dec, 12အစပိုင်းမှာတော့ ဘယ်သူမဆို ခပ်သေးသေးနဲ့ပဲ စကြရတာပါပဲ။ အဲဒီလိုလုပ်ရင်းနဲ့ ကျွန်တော်တို့ အတွေ့အကြုံတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကို ရရှိလာကြတယ်။ မိတ်ဆွေအသိအကျွမ်းတွေ၊ သင်ပြပေးနိုင်မယ့်သူတွေ ရရှိလာကြတယ်။ ပိုပြီးတော့ တိုးတက်လာကြတယ်။ အိပ်မက်သေးသေးတွေမက်ပြီး ကြီးကျယ်ခမ်းနားတဲ့သူတွေကို ဆွဲဆောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
သင်သွားချင်တဲ့လမ်းကြောင်း ကြီးကျယ်ခမ်းနားတဲ့ပြောင်းလဲမှုတွေကို ဖန်တီးနိုင်ဖို့ကို ရဲရဲတင်းတင်း အိပ်မက်မက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ရည်မှန်းချက်သေးသေးလေးချတိုင်း သင်အောင်မြင်မယ်လို့ အာမခံချက်မရှိသလို ရည်မှန်းချက်ကြီးကြီးချလို့လည်း ရှုံးနိမ့်မယ်လို့ ပြောလို့မရနိုင်ပါဘူး။ သင်မဖြစ်မနေလုပ်ဖို့လိုအပ်တာတွေကတော့ စဉ်ဆက်မပြတ်လေ့လာသင်ယူဖို့၊ အမှန်တကယ်လက်တွေ့လုပ်ဆောင်ဖို့၊ သင့်ထက် ပိုပြီးနားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဖို့၊ မှားနေရင် ပြင်ဖို့ကို ဝန်မလေးဖို့၊ ဆုံးခန်းတိုင်တဲ့အထိ ဇွဲမလျှော့ပဲ ဆက်ကြိုးစားဖို့ပါပဲ။
Comments