WELCOME !

KAUNG MYAT THU CO.,LTD

WELCOME !

KAUNG MYAT THU CO.,LTD

WELCOME !

KAUNG MYAT THU CO.,LTD

WELCOME !

KAUNG MYAT THU CO.,LTD

" Complacency Risk "
Posted on : 2023, Dec, 12
Category : Knowledge

        လူတစ်ယောက်တိုးတက်ပြောင်းလဲဖို့အတွက် အဓိကအဟန့်အတားတစ်ခုက ကိုယ့်ရဲ့လက်ရှိအခြေအနေကိုကျေနပ်ရောင့်ရဲနေတာ။ တစ်နည်းပြောရရင် ဆာလောင်မှု၊ ဖြစ်ချင်တဲ့ဆန္ဒ ပျောက်ဆုံးနေတာ။ တချို့က ဘာတိုးတက်မှုမှမရှိတဲ့လက်ရှိအခြေအနေကို ကျေနပ်သွားကြတယ်။ ကိုယ်က ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းမသိ၊ ဘယ်နေရာရောက်လို့ရောင်ချင်မှန်းမသိ ရည်ရွယ်ချက်မဲ့နေတဲ့သူမျိုးတွေမှာ ဒါမျိုးဖြစ်တတ်တယ်။ အများပြောပြောနေတဲ့ Comfort Zone မှာ ပျော်နေတာမျိုးပေ့ါ။ 

          နောက်တစ်မျိုးကကျတော့ တိုးတက်မှုနည်းနည်းရှိသွားရင် ကိုယ့်ကိုယ်ကိုယ်ကျေနပ်သွားတာမျိုး။ သာမန်ဝန်ထမ်းကနေ မန်နေဂျာဖြစ်သွားတဲ့အခါ ကျေနပ်သွားတာ၊ ဘာဆုဖလားမှမရဘူးသေးတဲ့အားကစားသမားတစ်ယောက် ချန်ပီယံဆုတစ်ဆုရတဲ့အခါ နောက်ထပ်ဆုတွေရဖို့ ဆာလောင်မှုမရှိတော့တာ၊ သာမန်အခြေအနေကနေ ဝင်ငွေအတန်အသင့်ကောင်းလာတဲ့အခါ ပိုပြီးချမ်းသာကြွယ်၀အောင်လုပ်ဖို့ စိတ်အားထက်သန်မှုလျော့သွားတာ စသဖြင့် Level တစ်ဆင့်လောက်တက်သွားတာနဲ့တင်ကျေနပ်သွားတာမျိုးဖြစ်ပါတယ်။ ဒါကတော့ ပန်းတိုင် (Goal) တစ်ခုမှာတင် ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက်တဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို Complacency Risk (ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုအန္တရာယ်) လို့ ခေါ်တယ်။ လူဟာ လက်ရှိအခြေအနေကိုကျေနပ်ပြီး တိုးတက်ဖို့ဆန္ဒပြင်းပြမှုမရှိတော့တဲ့အခါ အဲဒီနေရာမှာတင်ရပ်သွားတယ်။ ဒါကြောင့်ပဲ စတိဗ်ဂျော့စ်က “Stay Hungry, Stay Foolish” လို့ပြောတာ။ ဆာလောင်မှုပြင်းပြနေမှ တိုးတက်မှုဆက်ရှိနေမှာဖြစ်တယ်။ “Good က Great ရဲ့ ရန်သူပဲ” ဆိုတဲ့စကားလည်းရှိတယ်။ နည်းနည်းလေးတိုးတက်တာကို ကျေနပ်နေတာက ကြီးမားတဲ့တိုးတက်မှုကိုကန့်သတ်ထားတဲ့ အဟန့်အတားတစ်ခုပဲဖြစ်ပါတယ်။

 #Crd - အလီဘာဘာ

0

Comments